Menu

ယောဘဝတ္တု။ 35

JVB

1 တဖန် ဧလိဟု ဆက်၍ မြွက်ဆို သည်ကား၊ 2 ငါ သည် ဘုရား သခင်ထက်သာ၍ ဖြောင့်မတ် ၏ဟု သင်ပြော သောစကားမှန် သည်ထင် သလော။ 3 သင်က၊ ငါသည်အဘယ် အကျိုး ကိုရသနည်း။ ဒုစရိုက် ကို မပြုဘဲနေလျှင် အဘယ် ကျေးဇူး ရှိသနည်းဟု ဆို လို၏။ 4 သင် နှင့် သင် ၏အပေါင်း အဘော်တို့စကား ကို ငါ ချေ ပါမည်။ 5 မိုဃ်းကောင်းကင် ကိုမျှော် ၍ ၊ သင့် ထက် မြင့် သော မိုဃ်းတိမ် တို့ကို ကြည့်ရှု လော့။ 6 သင်သည် ဒုစရိုက် ကိုပြုသော်လည်း ၊ ဘုရားသခင် ကို အဘယ်သို့ ထိခိုက် နိုင်သနည်း။ ပြစ်မှားသော အပြစ် များ သော်လည်း ၊ အကျိုးတော်ကို အဘယ်သို့ ဖျက် နိုင်သနည်း။ 7 သင်သည် ဖြောင့်မတ် သော်လည်း ၊ ဘုရားသခင်၏ အကျိုးတော်ကို အဘယ်သို့ ပြုစု နိုင်သနည်း။ သင့် လက် မှ အဘယ် ကျေးဇူးကိုခံ တော်မူမည်နည်း။ 8 သင် ပြုသောဒုစရိုက် သည် သင် နှင့် တူသော လူ သတ္တဝါကို သာ ထိခိုက်နိုင်၏။ သင် ပြုသောသုစရိုက် သည်လည်း လူ သား တို့၌ သာ ကျေးဇူးပြုနိုင်၏။ 9 များပြား သော ညှဉ်းဆဲ ခြင်းကို ခံရသောသူတို့သည် အော်ဟစ် တတ်ကြ၏။ အားကြီး သောသူ နှိပ်စက်သောကြောင့်၊ ပြင်းစွာအော်ဟစ် တတ်ကြ၏။ 10 သို့သော်လည်း ငါ့ ကို ဖန်ဆင်း တော်မူထသော၊ ညဉ့် အချိန်၌ သီချင်း ဆိုရသောအခွင့်ကိုပေး တော်မူထ သော၊ 11 မြေ တိရစ္ဆာန် နားလည်သည်ထက် သာ၍နားလည်သောဉာဏ်နှင့်၎င်း၊ မိုဃ်း ကောင်းကင်ငှက် မရ၊ ထူးဆန်းသောပညာ နှင့်၎င်း၊ ငါ တို့ကို ပြည့်စုံစေတော်မူသောဘုရား သခင်သည် အဘယ်မှာ ရှိတော်မူသနည်းဟု အဘယ်သူမျှမ မေးမြန်း တတ်။ 12 ထိုကြောင့်အဓမ္မ လူ၊ ထောင်လွှား စော်ကားခြင်းကိုခံရ၍ အော်ဟစ် သော်လည်း ၊ ဘုရားသခင်သည် ထူး တော်မ မူ။ 13 အကယ် စင်စစ်ဘုရား သခင်သည် အချည်းနှီး သောစကားကို နားထောင် တော်မ မူ။ အနန္တ တန်ခိုးရှင်သည် ထိုသို့သောစကားကို မ မှတ် ဘဲ နေတော်မူ၏။ 14 ဘုရားသခင်ကို မ တွေ့ မမြင်ရဟု သင်ဆို သော်လည်း ၊ တရား သဖြင့် စီရင်တော်မူသောကြောင့် မြော်လင့် လျက်နေလော့။ 15 ယခု မူကား ၊ အမျက် ထွက်၍ ဆုံးမ တော်မ မူ။ ပြစ်မှားသောအပြစ်ကို ကျပ်တည်းစွာ မှတ် တော်မ မူသောကြောင့်၊ 16 ယောဘ သည်အချည်းနှီး သော စကားကို မြွက်ဆိုတတ်၏။ ပညာ မ ရှိဘဲ များစွာ ပြောတတ်သည်ဟု မြွက်ဆို ၏။

Everything we make is available for free because of a generous community of supporters.

Donate