Menu

ဆာလံကျမ်း 115

JVB

1 အကျွန်ုပ် တို့၌ ဘုန်းမ ရှိစေဘဲ၊ အို ထာဝရဘုရား ၊ အကျွန်ုပ် တို့၌ ဘုန်းမ ရှိစေဘဲ၊ ကိုယ်တော် ၏နာမ ၌ ကရုဏာ တော်နှင့် သစ္စာ တော်ကြောင့် ဘုန်း ရှိ ပါစေ သတည်း။ 2 သူ တို့၏ ဘုရား သခင်သည် အဘယ် မှာရှိ သနည်းဟု တပါးအမျိုးသား တို့သည် အဘယ်ကြောင့် ဆို ရကြမည်နည်း။ 3 ငါ တို့၏ ဘုရား သခင်သည် ကောင်းကင် ဘုံ၌ ရှိတော်မူ၏။ အလိုတော် ရှိသမျှ အတိုင်း ပြု တော်မူ၏။ 4 သူ တို့၏ရုပ်တု များမူကား ငွေ လည်းဖြစ်၏။ ရွှေ လည်း ဖြစ်၏။ လူ လက် ဖြင့် လုပ် သောအရာပေတည်း။ 5 ထို ရုပ်တုတို့ သည် နှုတ် ရှိ၍ စကား မ ပြောတတ်။ မျက်စိ ရှိ၍ မ မြင် တတ်။ 6 နား ရှိ၍ မ ကြား တတ်။ နှာခေါင်း ရှိ၍ မ နမ်း တတ်။ 7 လက် ရှိ၍ မ ကိုင် တတ်။ ခြေ ရှိ၍ မ သွား တတ်။ သူ တို့လည်ချောင်း ဖြင့် အသံ မ ပြုတတ်ပါတကား။ 8 လုပ် သောသူတို့လည်း အတူတူ ပါတကား။ 9 အို ဣသရေလ အမျိုး၊ ထာဝရဘုရား ကို ကိုးစား လော့။ ထာဝရဘုရားသည် ဣသရေလအမျိုးကို မစသောသူ၊ ကွယ်ကာ သောသူဖြစ်တော်မူ၏။ 10 အိုအာရုန် အမျိုး အနွယ်၊ ထာဝရဘုရား ကို ကိုးစား လော့။ ထာဝရဘုရားသည် အာရုန်အမျိုးအနွယ်ကို မစ သောသူ၊ ကွယ်ကာ သောသူဖြစ် တော်မူ၏။ 11 ထာဝရဘုရား ကို ကြောက်ရွံ့ သောသူတို့၊ ထိုဘုရားကို ကိုးစား ကြလော့။ ထာဝရဘုရား သည် ထိုသို့ သောသူ တို့ ကို မစ သောသူ၊ ကွယ်ကာ သောသူဖြစ် တော်မူ ၏။ 12 ထာဝရဘုရား သည် ငါ တို့ကို အောက်မေ့ တော်မူ ၏။ ကောင်းကြီး ပေးတော်မူမည်။ ဣသရေလ အမျိုး ကို ကောင်းကြီး ပေးတော်မူမည်။ အာရုန် အမျိုး အနွယ်ကို ကောင်းကြီး ပေးတော်မူမည်။ 13 ထာဝရဘုရား ကို ကြောက်ရွံ့ သောသူ အကြီး အငယ် တို့ကို ကောင်းကြီး ပေးတော်မူမည်။ 14 ထာဝရဘုရား သည် သင် တို့နှင့် သင် တို့သား မြေးတို့၌ မင်္ဂလာကို တိုးပွား စေတော်မူမည်။ 15 သင် တို့သည် ကောင်းကင် နှင့် မြေကြီး ကို ဖန်ဆင်း သော ထာဝရဘုရား ကောင်းကြီး ပေးတော်မူသောသူ ဖြစ်ကြ၏။ 16 ကောင်းကင် ကား၊ ထာဝရဘုရား ၏ ကောင်းကင် ဖြစ်၏။ မြေကြီး ကိုကား လူသား တို့အား ပေး တော်မူပြီ။ 17 သေလွန် သောသူ၊ ငြိမ်း ရာထဲသို့ ဆင်း သောသူ ရှိသမျှ တို့သည် ထာဝရ ဘုရားကို မ ချီးမွမ်း ရကြ။ 18 ငါ တို့မူကား ၊ ထာဝရ ဘုရားကို ယခု မှစ၍ အစဉ် အဆက် ကောင်းကြီး ပေးကြလေအံ့သတည်း။ ဟာလေလုယ။

Everything we make is available for free because of a generous community of supporters.

Donate