Menu

ဆာလံကျမ်း 133

JVB

1 ညီအစ်ကို တို့သည် သဘော တူလျက်ပေါင်းဘော် ကြသည်အရာမှာ အလွန်ကောင်း ပေ၏။ အလွန်တင့်တယ် လျောက်ပတ်ပေ၏။ 2 အာရုံ ၏ ခေါင်း ပေါ် မှာ လောင်း လျက်၊ သူ၏ မုတ်ဆိတ် သို့ စီး ၍၊ လည်စွပ် တိုင်အောင် ကျသောနံ့သာ ဆီ ကဲ့သို့ ဖြစ်၏။ 3 ဟေရမုန် တောင်နှင့် ဇိအုန် တောင် ရိုးပေါ် သို့ ကျ သော နှင်း ကဲ့သို့ ဖြစ်၏။ ထို သို့နေကြသော အရပ်၌၊ ထာဝရဘုရား သည် အစဉ် အမြဲအသက်ရှင် ခြင်းအခွင့် တည်းဟူသောကောင်းကြီး မင်္ဂလာကို စီရင် တော်မူ၏။

Everything we make is available for free because of a generous community of supporters.

Donate