Menu

ဆာလံကျမ်း 24

JVB

1 ထာဝရဘုရား သည် မြေကြီး နှင့် မြေကြီး တန်ဆာ ကို၎င်း၊ လောက ဓါတ်နှင့် လောက သားတို့ကို၎င်း ပိုင်တော်မူ၏။ 2 အကြောင်း မူကား၊ ထို နေရာကို သမုဒ္ဒရာ ပေါ် မှာတည် ၍ ၊ ရေ များပေါ် မှာ မြဲမြံ စေတော်မူပြီ။ 3 ထာဝရဘုရား ၏ တောင် တော်ပေါ် သို့ အဘယ်သူ သည် တက် ရမည်နည်း။ သန့်ရှင်း ရာဌာန တော်၌ အဘယ်သူ သည် ရပ် နေရမည်နည်းဟူမူကား၊ 4 သန့်ရှင်း သောလက် နှင့် ဖြူစင် သောနှလုံး ရှိသောသူ ၊ မုသာ ကိုမ မှီ ဝဲ မဆည်းကပ်၊ မ မှန်သောကျိန်ဆို ခြင်းကို မပြုသောသူသည်၊ 5 ထာဝရ ဘုရား၏ လက်တော်မှ ကောင်းကြီး မင်္ဂလာကို၎င်း ၊ ကယ်တင် တော်မူသောဘုရား သခင်၏ လက်တော်မှ ဖြောင့်မတ် ခြင်းတရားကို၎င်းခံရ လိမ့်မည်။ 6 ထို သူသည် ထာဝရ ဘုရားကို ရှာ သောအမျိုး ၊ မျက်နှာ တော်ကို ရှာ သောယာကုပ် အမျိုးဖြစ်သတည်း။ 7 အချင်းတံခါးတို့၊ တံခါး မုတ် ကိုကြွ လိုက်ကြ။ အချင်းထာဝရ တံခါး တို့၊ ကိုယ်ကိုကြွ လိုက်ကြ။ ဘုန်းကြီး သောရှင်ဘုရင် ဝင် တော်မူမည်။ 8 ဘုန်းကြီး သောရှင်ဘုရင် ကား အဘယ် သူနည်း။ အစွမ်း တန်ခိုးနှင့် ပြည့်စုံ တော်မူသောထာဝရဘုရား ၊ စစ်တိုက် ခြင်းငှါတန်ခိုး ကြီးတော်မူသောထာဝရဘုရား ပေတည်း။ 9 အချင်းတံခါးတို့၊ တံခါး မုတ် ကိုကြွ လိုက်ကြ။ အချင်းထာဝရ တံခါး တို့၊ ကိုယ်ကိုကြွ လိုက်ကြ။ ဘုန်းကြီး သောရှင်ဘုရင် ဝင် တော်မူမည်။ 10 ဘုန်းကြီး သောရှင်ဘုရင် ကား အဘယ် သူနည်း။ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ပေတည်း။ ထိုဘုရား သည် ဘုန်းကြီး သောရှင် ဘုရင် ဖြစ်တော်မူသတည်း။

Everything we make is available for free because of a generous community of supporters.

Donate