Menu

ဆာလံကျမ်း 47

JVB

1 လူ များအပေါင်း တို့၊ လက်ခုပ် တီးကြလော့။ ဘုရား သခင် ထံသို့ အောင် သံ ကို လွှင့်၍ ကြွေးကြော် ကြလော့။ 2 အကြောင်း မူကား၊ အမြင့်ဆုံး သော ထာဝရဘုရား သည် ကြောက်မက် ဘွယ်သောဘုရား၊ မြေကြီး တပြင်လုံး ကို အစိုးရသောမဟာ မင်းကြီး ဖြစ်တော်မူ၏။ 3 လူစု တို့ကို ငါ တို့အောက် ၌၎င်း၊ လူမျိုး တို့ကို ငါ တို့ခြေ အောက် ၌၎င်း နှိမ့်ချ တော်မူ၏။ 4 ချစ် တော်မူသောယာကုပ် ၏ ဘုန်း ဖြစ်သော ငါ တို့အမွေ ကို ငါ တို့အဘို့ ရွေး ပေးတော်မူ၏။ 5 ကြွေးကြော် ခြင်းအသံနှင့် ဘုရား သခင်တက် တော်မူ၏။ တံပိုး မှုတ်ခြင်းအသံ နှင့် ထာဝရဘုရား တက်တော်မူ၏။ 6 ဘုရား သခင်ကို ချီးမွမ်း ၍ သီချင်း ဆိုကြလော့။ သီချင်း ဆိုကြလော့။ ငါ တို့၏ရှင် ဘုရင်ကို ချီးမွမ်း၍ သီချင်း ဆိုကြလော့။ သီချင်းဆိုကြလော့။ 7 အကြောင်း မူကား၊ ဘုရား သခင်သည် မြေကြီး တပြင်လုံး ကိုအစိုးရသောမင်း ဖြစ်တော်မူ၏။ ချီးမွမ်းခြင်း ထောမနာ သီချင်း ကို ဆိုကြလော့။ 8 ဘုရား သခင်သည် လူမျိုး တို့တွင် စိုးစံ တော်မူ၏။ ဘုရား သခင်သည် သန့်ရှင်း သော ပလ္လင် တော်ပေါ် မှာ ထိုင် တော်မူ၏။ 9 လူမျိုး တို့၏ အကြီး အကဲတို့သည် အာဗြဟံ ကိုးကွယ်သော ဘုရား သခင်၏လူမျိုး ထံမှာစုဝေး လျက် ရှိကြ၏။ အကြောင်း မူကား၊ မြေကြီး တန်ခိုး များကို ဘုရား သခင် ပိုင်တော်မူ၏။ အထူး သဖြင့်ချီးမြှောက် ခြင်း ရှိတော်မူ ၏။

Everything we make is available for free because of a generous community of supporters.

Donate