ဧဇရ 2
OJV1 ပြည်နှင်ဒဏ်သင့်သူများသည်ယေရုရှလင်မြို့သို့လည်းကောင်း၊ ယုဒပြည်ဇာတိမြို့ရွာများသို့လည်းကောင်း ပြန်ရန်ဗာဗုလုန်ပြည်မှထွက်ခွာလာကြ၏။ သူတို့အိမ်ထောင်စုများသည်မိမိတို့အားသုံ့ပန်းများအဖြစ် နေဗုခဒ်နေဇာမင်းဖမ်းဆီးခေါ်ဆောင်လာစဉ်အခါမှအစပြု၍ ဗာဗုလုန်ပြည်တွင်နေထိုင်ခဲ့ကြ၏။-
2 သူတို့၏ခေါင်းဆောင်များမှာဇေရုဗဗေလ၊ ယောရှု၊ နေဟမိ၊ သရာယ၊ ရေလာယ၊ မော်ဒကဲ၊ ဗိလရှန်၊ မိဇပါ၊ ဗိဂဝဲ၊ ရေဟုံနှင့်ဗာနာတို့ဖြစ်ကြ၏။ ပြည်နှင်ဒဏ်သင့်ရာမှပြန်လာကြသူသားချင်းစုအလိုက် လူဦးရေစာရင်းမှာအောက်ပါအတိုင်းဖြစ်၏။
3 ပါရုတ်သားချင်းမှ ၂၁၇၂ ရှေဖတိသားချင်းစုမှ၃၇၂အာရာသားချင်းစုမှ၇၇၅ ပါဟတ်မောဘသားချင်းစု (ယောရှုနှင့်ယွာဘတို့၏မြေးများ)၂၈၁၂ဧလံသားချင်းစုမှ၁၂၅၄ဇတ္တုသားချင်းစုမှ၉၄၅ဇက္ခဲသားချင်းစုမှ၇၆၀ဗာနိသားချင်းစုမှ၆၄၂ဗေဗဲသားချင်းစုမှ၆၂၃အာဇဂဒ်သားချင်းစုမှ၁၂၂၂အဒေါနိကံသားချင်းစုမှ၆၆၆ဗိဂဝဲသားချင်းစုမှ၂၀၅၆အာဒိန်သားချင်းစုမှ၄၅၄ အာတာဟုလည်းကောင်းနာမည်တွင်သည့် ဟဇကိသားချင်းစုမှ၉၈ဗေဇဲသားချင်းစုမှ၃၂၃ယောရသားချင်းစုမှ၁၁၂ဟာရှုံသားချင်းစုမှ၂၂၃ဂိဗ္ဗာသားချင်းစုမှ၉၅
21 အောက်ပါဖော်ပြပါမြို့တွင်နေထိုင်ခဲ့သူဘိုးဘေးတို့မှ ဆင်းသက်ပေါက်ပွားလာသူများသည်လည်း ယေရုရှလင်မြို့သို့ပြန်လာကြလေသည်။ ဗက်လင်မြို့မှ ၁၂၃ နေတောဖမြို့မှ၅၆အာနသုတ်မြို့မှ၁၂၈အာဇမာဝက်မြို့မှ၄၂ ကိရယသာရိမ်မြို့ခေဖိရမြို့နှင့် ဗေရုတ်မြို့တို့မှ၇၄၃ရာမမြို့နှင့်ဂါဘမြို့မှ၆၂၁မိတ်မတ်မြို့မှ၁၂၂ဗေသလမြို့နှင့်အာဣမြို့မှ၂၂၃နေဗောမြို့မှ၅၂မာဂဗိတ်မြို့မှ၁၅၆အခြားဧလံမြို့မှ၁၂၅၄ဟာရိမ်မြို့မှ၃၂၀ လောဒမြို့ဟာဒိဒ်မြို့နှင့် သြနောမြို့တို့မှ၇၂၅ယေရိခေါမြို့မှ၃၄၅သေနာမြို့မှ၃၆၃၀
36 ပြည်နှင်ဒဏ်သင့်ရာမှပြန်လာကြသော ယဇ်ပုရောဟိတ်သားချင်းစုစာရင်းမှာအောက်ပါအတိုင်းဖြစ်သည်။ ယေဒါယသားချင်းစု (ယောရှု၏ သားမြေးများ)၉၇၃ဣမေရသားချင်းစုမှ၁၀၅၂ပါရှုရသားချင်းစုမှ၁၂၄၇ဟာရိမ်သားချင်းစုမှ၁၀၁၇
40 ပြည်နှင်ဒဏ်သင့်ရာမှပြန်လာကြသောလေဝိအနွယ်ဝင်သားချင်းစုများမှာ အောက်ပါအတိုင်းဖြစ်သည်။ ယောရှုနှင့်ကာဒမေလသားချင်းစုမှ (ဟောဒဝိ၏သားမြေးများ) ၇၄
41 ဗိမာန်တော်ဂီတပညာသည် (အာသပ်၏သားမြေးများ) ၁၂၈
42 ဗိမာန်တော်အစောင့်တပ်သား (ရှလ္လုံ၊ အာတာ၊ တာလမုန်၊ အက္ကုပ်၊ ဟတိတနှင့်ရှောဗဲတို့၏သားမြေးများ) ၁၃၉
43 ပြည်နှင်ဒဏ်သင့်ရာမှပြန်လာသောဗိမာန်တော်အလုပ်သမားသားချင်းစုများမှာ၊ ဇိဟ၊ဟသုဖ၊တဗ္ဗောက်၊ ကေရုတ်၊သယာဟ၊ပါဒုန်၊ လေဗန၊ဟာဂဘ၊အက္ကုပ်၊ ဟာဂပ်၊ရှာလမဲ၊ဟာနန်၊ ဂိဒ္ဒေလ၊ဂါဟာ၊ရာယ၊ ရေဇိန်၊နေကောဒ၊ဂဇ္ဇမ်၊ သြဇ၊ပါသာ၊ဗေသဲ၊ အာသနာ၊မဟုနိမ်၊နဖုသိမ်၊ ဗာကဗုတ်၊ဟကုဖ၊ယာရဟုရ၊ ဗာဇလုတ်၊မဟိဒ၊ဟရရှ၊ ဗာကုတ်၊သိသရ၊သာမ နေဇိနှင့်ဟတိဖတို့ဖြစ်ကြ၏။
55 ပြည်နှင်ဒဏ်သင့်ရာမှပြန်လာကြသော ရှောလမုန်၏အစေခံသားချင်းစုများမှာ၊ သောတဲ၊သောဖရက်၊ပေရုဒ၊ ယာလ၊ဒါကုန်၊ဂိဒ္ဒေလ၊ ရှေဖတိ၊ဟတ္တိလ၊ပေါခရက်၊ဇေဗိမ်နှင့်အာမိတို့ဖြစ်သည်။
58 ပြည်နှင်ဒဏ်သင့်ရာမှပြန်လာကြသောရှောလမုန်၏အစေခံများနှင့် ဗိမာန်တော်အလုပ်သမားများ၏သားမြေးဦးရေစုစုပေါင်းမှာ သုံးရာကိုးဆယ့်နှစ်ယောက်ဖြစ်သတည်း။
59 တေလမေလမြို့၊ တေလဟာသမြို့၊ ခေရုပ်မြို့၊ အဒ္ဒန်မြို့နှင့်ဣမေရမြို့တို့မှထွက်ခွာလာသော၊-
60 ဒေလာယ၊ တောဘိနှင့်နေကောဒသားချင်းစုအနွယ်ဝင်များမှာ ခြောက်ရာငါးဆယ့်နှစ်ယောက်ဖြစ်၏။ သို့ရာတွင်သူတို့သည်ဣသရေလအမျိုးမှ မိမိတို့ဆင်းသက်ပေါက်ပွားလာကြောင်းသက်သေခံအထောက်အထားမပြနိုင်ကြ။
61 အောက်ပါယဇ်ပုရောဟိတ်သားချင်းစုများသည် မိမိတို့ဘိုးဘေးများကားမည်သူမည်ဝါဖြစ်သည်ကို သက်သေခံအထောက်အထားပြရန်မှတ်တမ်းတစ်စုံတစ်ရာရှာ၍မတွေ့နိုင်ကြ။ ဟဗာယသားချင်းစု၊ ဟက္ကုတ်သားချင်းစုနှင့်ဗာဇိလဲသားချင်းစု။ (ဗာဇိလဲယဇ်ပုရောဟိတ်သားချင်းစု၏ ဘိုးဘေးဖြစ်သူသည်ဂိလဒ်ပြည်သားဗာဇိလဲသားချင်းစုမှ အမျိုးသမီးတစ်ဦးနှင့်စုံဖက်ပြီးနောက် မိမိယောက္ခမ၏နာမည်ကိုခံယူခဲ့၏။) ထိုသူတို့သည်မိမိတို့ဘိုးဘေးများမှာမည်သူမည်ဝါဖြစ်သည်ကို သက်သေခံအထောက်အထားမပြနိုင်ကြသဖြင့် ယဇ်ပုရောဟိတ်များအဖြစ်အသိအမှတ်ပြုခြင်းကိုမခံကြရ။-
63 ယုဒဘုရင်ခံကသူတို့အားသင်တို့သည် ဥရိမ်နှင့်သုမိမ် ကိုအသုံးပြုနိုင်သောယဇ်ပုရောဟိတ်မပေါ်ထွန်းမီ၊ သန့်ရှင်းသောအစာများကိုမသုံးဆောင်ရဟုပြောကြားလိုက်သည်။
64 ပြန်လာကြသောပြည်နှင်ဒဏ်သင့်သူစုစုပေါင်းဦးရေမှာ ၄၂၃၆၀ သူတို့၏အစေခံယောကျာ်း မိန်းမ၇၃၃၇ အမျိုးသားအမျိုးသမီး ဂီတပညာသည်များ၂၀၀မြင်း၇၃၆ ကောင်မြည်း၂၄၅ ကောင်ကုလားအုတ်၄၃၅ ကောင်လား၆၇၂၀ ကောင်
68 ပြည်နှင်ဒဏ်သင့်သူတို့သည် ယေရုရှလင်မြို့ရှိထာဝရဘုရား၏ဗိမာန်တော်သို့ရောက်ရှိကြသောအခါ သားချင်းစုခေါင်းဆောင်အချို့တို့သည် နေရာဟောင်းတွင်ဗိမာန်တော်ပြန်လည်တည်ဆောက်ရန်အတွက် မိမိတို့စေတနာအလျောက်ပေးလှူကြလေသည်။-
69 ဤတည်ဆောက်မှုဖြစ်မြောက်ရေးအတွက် သူတို့သည်တတ်နိုင်သမျှအတိုင်း ရွှေတစ်ထောင့်သုံးဆယ်ပေါင်၊ ငွေငါးထောင်ခုနစ်ရာလေးဆယ်ပေါင်နှင့်ယဇ်ပုရောဟိတ်များအတွက်ဝတ်စုံတစ်ရာတို့ကိုလှူကြ၏။
70 ယဇ်ပုရောဟိတ်များ၊ လေဝိအနွယ်ဝင်များနှင့်လူအချို့တို့သည် ယေရုရှလင်မြို့သို့မဟုတ်ထိုမြို့အနီးတွင်နေထိုင်ကြ၏။ ဂီတပညာသည်များ၊ ဗိမာန်တော်အစောင့်တပ်သားများနှင့်ဗိမာန်တော်အလုပ်သမားများသည် အနီးအနားရှိမြို့တို့တွင်နေထိုင်ကြလေသည်။ ကျန်ဣသရေလအမျိုးသားတို့သည် မိမိတို့ဘိုးဘေးနေထိုင်ခဲ့သောမြို့များသို့သွားရောက်နေထိုင်ကြသည်။
