တောလည် 1
OJV1 ဣသရေလအမျိုးသားတို့သည်အီဂျစ်ပြည်မှထွက်လာပြီးနောက် ဒုတိယနှစ်၊ ဒုတိယလ၊ ပထမနေ့ရက်တွင်ထာဝရဘုရားသည် သိနာတောကန္တာရရှိစံတော်မူရာတဲတော်၌မောရှေအားအောက်ပါအတိုင်းမိန့်တော်မူ၏။-
2 ``သင်နှင့်အာရုန်သည်ဣသရေလအမျိုးသားတို့၏သန်းခေါင်စာရင်းကို သားချင်းစုနှင့်မိသားစုအလိုက်ကောက်ယူရမည်။ စစ်မှုထမ်းနိုင်သူအသက်နှစ်ဆယ်နှင့်အထက်အရွယ်ရှိ အမျိုးသားအားလုံး၏နာမည်စာရင်းကိုကောက်ယူလော့။-
4 အနွယ်တစ်နွယ်စီမှသားချင်းစုအကြီးအကဲတစ်ဦးကို သင်တို့အားကူညီစေလော့'' ဟုမိန့်တော်မူ၏။-
5 သင်တို့နှင့်အတူကူညီ၍ အမှုကိုဆောင်ရသောသူဟူမူကား၊ အနွယ်သားချင်းစုအကြီးအကဲရုဗင်ရှေဒုရ၏သားဧလိဇုရရှိမောင်ဇုရိရှဒ္ဒဲ၏သားရှေလုမျေလယုဒအမိနဒပ်၏သားနာရှုန်ဣသခါဇုအာ၏သားနာသနေလဇာဗုလုန်ဟေလုန်၏သားဧလျာဘဧဖရိမ်အမိဟုဒ်၏သားဧလိရှမာမနာရှေပေဒါဇုရ၏သားဂါမလျေလဗင်္ယာမိန်ဂိဒေါနိ၏သားအဘိဒန်ဒန်အမိရှဒ္ဒဲ၏သားအဟေဇာအာရှာသြကရန်၏သားပါဂျေလဂဒ်ဒွေလ၏သားဧလျာသပ်နဿလိဧနန်၏သားအဟိရ
17 မောရှေနှင့်အာရုန်တို့သည် ထိုအမျိုးသားခေါင်းဆောင်တို့၏အကူအညီဖြင့်၊-
18 ဒုတိယလ၊ ပထမနေ့ရက်တွင်ဣသရေလအမျိုးသားအားလုံးကိုစုရုံးလာစေ၍ သားချင်းစုနှင့်မိသားစုအလိုက်စာရင်းကောက်ယူလေသည်။ ထာဝရဘုရားမိန့်တော်မူသည့်အတိုင်းအသက်နှစ်ဆယ်နှင့်အထက်အရွယ်ရှိသောအမျိုးသားအားလုံးတို့ကို စာရင်းကောက်၍မှတ်တမ်းတင်လေသည်။ မောရှေသည်သိနာတောကန္တာရထဲတွင်လူများကိုစာရင်းကောက်ယူခဲ့၏။-
20 ယာကုပ်၏သားဦးဖြစ်သူရုဗင်၏အနွယ်မှအစပြု၍ စစ်မှုထမ်းနိုင်သူအသက်နှစ်ဆယ်နှင့်အထက်အရွယ်ရှိအမျိုးသားအားလုံးတို့ကို သားချင်းစုနှင့်မိသားစုအလိုက်စာရင်းကောက်ယူလေ၏။ စုစုပေါင်းလူဦးရေစာရင်းမှာအောက်ပါအတိုင်းဖြစ်သည်။ အနွယ်ဦးရေရုဗင်၄၆၅၀၀ရှိမောင်၅၉၃၀၀ဂဒ်၄၅၆၅၀ယုဒ၇၄၆၀၀ဣသခါ၅၄၄၀၀ဇာဗုလုန်၅၇၄၀၀ဧဖရိမ်၄၀၅၀၀မနာရှေ၃၂၂၀၀ဗင်္ယာမိန်၃၅၄၀၀ဒန်၆၂၇၀၀အာရှာ၄၁၅၀၀နဿလိ၅၃၄၀၀စုစုပေါင်း၆၀၃၅၅၀
47 လူဦးရေစာရင်းကောက်ယူရာတွင် လေဝိအနွယ်ဝင်တို့ကိုစာရင်းမကောက်ခဲ့ချေ။-
48 အဘယ်ကြောင့်ဆိုသော်ထာဝရဘုရားသည် မောရှေအား``သင်သည်စစ်မှုမထမ်းနိုင်သူဦးရေစာရင်းကိုမကောက်နှင့်။-
50 စစ်မှုထမ်းစေမည့်အစားကောက်ယူရာတွင်လေဝိအနွယ်ဝင်တို့ကို ငါစံတော်မူရာတဲတော်နှင့်တဲတော်ပစ္စည်းများကိုထိန်းသိမ်းစေလော့။ သူတို့သည်တဲတော်နှင့်တဲတော်ပစ္စည်းများကိုသယ်ဆောင်ရမည်။ သူတို့သည်တဲတော်တွင်အမှုတော်ကိုထမ်း၍တဲတော်ပတ်လည်တွင်စခန်းချနေထိုင်ရမည်။-
51 သင်တို့သည်စခန်းပြောင်းရွှေ့သည့်အခါတိုင်းလေဝိအမျိုးသားတို့က တဲတော်ကိုသိမ်း၍စခန်းသစ်ချရာ၌တဲတော်ကိုပြန်ထူရမည်။ လေဝိအမျိုးသားတို့မှလွဲ၍ အခြားသူတစ်ဦးသည် တဲတော်အနီးသို့ချဉ်းကပ်လျှင် ထိုသူအားသေဒဏ်စီရင်ရမည်။-
52 ဣသရေလအမျိုးသားတို့သည်စခန်းချသောအခါ မိမိတို့၏တပ်စုအလိုက်၊ အဖွဲ့အလိုက်၊ မိမိတို့၏အလံအနားမှာနေရာယူရမည်။-
53 တစ်စုံတစ်ယောက်သည်တဲတော်အနီးသို့ချဉ်းကပ်မိလျှင် ငါသည်အမျက်ထွက်၍တစ်မျိုးသားလုံးကိုဒဏ်ခတ်မည်ဖြစ်သည်။ သို့ဖြစ်၍လေဝိအနွယ်ဝင်တို့သည်တဲတော်ကိုစောင့်ကြပ်ရန်တဲတော်ပတ်လည်တွင်စခန်းချရမည်'' ဟုမိန့်တော်မူ၏။-
54 ထာဝရဘုရားသည်မောရှေအားအမိန့်ပေးတော်မူသည့်အတိုင်း ဣသရေလအမျိုးသားတို့သည်လိုက်နာဆောင်ရွက်ကြ၏။
