တောလည် 2
OJV1 ထာဝရဘုရားသည် မောရှေနှင့်အာရုန်တို့အား အောက်ပါညွှန်ကြားချက်များကိုပေးတော်မူ၏။-
2 ဣသရေလအမျိုးသားတို့သည်စခန်းချသောအခါ လူတိုင်းမိမိတပ်နှင့်ဆိုင်သောအလံနှင့် မိမိသားချင်းစုနှင့်ဆိုင်သောအလံအနီးတွင်နေရာယူရမည်။ ဣသရေလအမျိုးသားတို့သည်တဲတော်ပတ်လည်တွင်စခန်းချရမည်။
3 အရှေ့ဘက်မျက်နှာတွင် ယုဒတပ်နှင့်ဆိုင်သောအလံအနီးတွင် အောက်ဖော်ပြပါအတိုင်းအစုလိုက်မိမိတို့၏ခေါင်းဆောင်များနှင့်စခန်းချရမည်။ အနွယ်ခေါင်းဆောင်ဦးရေယုဒအမိနဒပ်၏သားနာရှုန်၇၄၆၀၀ဣသခါဇုအာ၏သားနာသနေလ၅၄၄၀၀ဇာဗုလုန်ဟေလုန်၏သားဧလျာဘ၅၇၄၀၀စုစုပေါင်း၁၈၆၄၀၀ ယုဒတပ်သည်ရှေ့ဆုံးမှချီတက်ရမည်။
10 တောင်ဘက်မျက်နှာတွင်ရုဗင်တပ်နှင့်ဆိုင်သောအလံအနီးတွင် အောက်ဖော်ပြပါအတိုင်းအစုလိုက်မိမိတို့၏ခေါင်းဆောင်များနှင့်စခန်းချရမည်။ အနွယ်ခေါင်းဆောင်ဦးရေရုဗင်ရှေဒုရ၏သားဧလိဇုရ၄၆၅၀၀ရှိမောင်ဇုရိရှဒ္ဒဲ၏သားရှေလုမျေလ၅၉၃၀၀ဂဒ်ဒွေလ၏သားဧလျာသပ်၄၅၆၅၀စုစုပေါင်း၁၅၁၄၅၀ ရုဗင်တပ်သည်ဒုတိယနေရာမှလိုက်၍ချီတက်ရမည်။
17 အရှေ့မှချီတက်သောတပ်နှစ်တပ်နှင့်အနောက်မှ ချီတက်သောတပ်နှစ်တပ်တို့၏အကြားတွင် လေဝိအနွယ်ဝင်တို့သည်တဲတော်ကိုသယ်ဆောင်၍ချီတက်ရကြမည်။ တပ်တစ်တပ်စီသည်စခန်းချသည့်အခါ မိမိတို့အလံအနီးတွင်နေရာယူသည့်အစီအစဉ်အတိုင်းချီတက်ရမည်။
18 အနောက်ဘက်မျက်နှာတွင်ဧဖရိမ်တပ်နှင့်ဆိုင်သောအလံအနီးတွင် အောက်ဖော်ပြပါအတိုင်းအစုလိုက်မိမိတို့၏ခေါင်းဆောင်များနှင့်စခန်းချရမည်။ အနွယ်ခေါင်းဆောင်ဦးရေဧဖရိမ်အမိဟုဒ်၏သားဧလိရှမာ၄၀၅၀၀မနာရှေပေဒါဇုရ၏သားဂါမလျေလ၃၂၂၀၀ဗင်္ယာမိန်ဂိဒေါနိ၏သားအဘိဒန်၃၅၄၀၀စုစုပေါင်း၁၀၈၁၀၀ ဧဖရိမ်တပ်သည်တတိယနေရာမှလိုက်၍ချီတက်ရမည်။-
25 မြောက်ဘက်မျက်နှာတွင်ဒန်၏တပ်နှင့်ဆိုင်သောအလံအနီးတွင် အောက်ဖော်ပြပါအတိုင်းအစုလိုက်မိမိတို့၏ခေါင်းဆောင်များနှင့်စခန်းချရမည်။ အနွယ်ခေါင်းဆောင်ဦးရေဒန်အမိရှဒ္ဒဲ၏သားအဟေဇာ၆၂၇၀၀အာရှာသြကရန်၏သားပါဂျေလ၄၁၅၀၀နဿလိဧနန်၏သားအဟိရ၅၃၄၀၀စုစုပေါင်း၁၅၇၆၀၀ ဒန်၏တပ်သည်နောက်ဆုံးနေရာမှလိုက်၍ချီတက်ရမည်။
32 ဣသရေလအမျိုးသားတို့၏တပ်အလိုက်နှင့်သားချင်းစုအလိုက်လူဦးရေစာရင်းစုစုပေါင်းမှာခြောက်သိန်းသုံးထောင့်ငါးရာငါးဆယ်ယောက်ဖြစ်သည်။-
33 ထာဝရဘုရားသည်မောရှေအားမိန့်မှာတော်မူသည့်အတိုင်း လေဝိအနွယ်ဝင်တို့ကိုစာရင်းကောက်၍မှတ်တမ်းတင်ထားခြင်းမရှိချေ။
34 ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားမိန့်တော်မူသမျှအတိုင်းဆောင်ရွက်ကြ၏။ သူတို့သည်မိမိတို့နှင့်သက်ဆိုင်ရာအလံအနီးတွင်စခန်းချကြ၏။ ချီတက်သည့်အခါသားချင်းစုအလိုက်ချီတက်ကြ၏။
